ကုန်းဘောင်ခေတ်မှာ တိုက်တိုင်းအောင် စစ်ဗိုလ်ချုပ်ကြီး အဖြစ် နာမည်ကြီးတာကတော့ ဝန်ကြီး မဟာသီဟ သူရ ဖြစ်ပါတယ်။ သူဟာ တရုတ်-မြန်မာ စစ်ပွဲတွေနဲ့ အဲ့ဒီတုန်းက မြန်မာပိုင်ဖြစ်တဲ့ ထိုင်းနိုင်ငံ အတွင်းက နယ်မြေတွေ မငြိမ်သက်ရာမှာလည်း တိုက်ပွဲတွေ ဆင်ပြီး အောင်ပွဲ ရရှိခဲ့တဲ့ ဗိုလ်ချုပ်ကြီး တစ်ယောက် ဖြစ်ပါတယ်။
မဟာသီဟသူရ ဟာ ရွှေဘိုဇာတိ ဖြစ်ပြီး ငယ်နာမည်က မောင်သာ ဖြစ်ပါတယ်။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျက မုဆိုးဘိုရွာကို အခိုင်အမာ လုပ်တော့ အထူးကွန်မန်ဒို စစ်သားလို့ ပြောရမယ့် မြင်းရည်တက် ခြောက်ကျိပ်ရှစ်ယောက် ဖွဲ့တဲ့ အထဲမှာ မောင်သာ လည်းပါဝင်ခဲ့ပါတယ်။ အလောင်းမင်းတရား နန်းတက်တဲ့ အခါမှာတော့ စစ်သူကြီး ရာထူးကို တိုးမြှင့်တာဝန်ထမ်းဆောင်ခွင့် ရပါတယ်။ ဒါကလည်း တတိယ မြန်မာနိုင်ငံတော် စုစည်းတည်ထောင်စ ကာလ တိုက်ပွဲတွေမှာ ထူးထူးချွန်ချွန် တာဝန်ထမ်းဆောင်ခဲ့တာကြောင့် ဖြစ်ပါတယ်။
တရုတ်- မြန်မာ ဒုတိယ စစ်ပွဲမှာ မြန်မာတို့က မင်းခုံရဲ လို့ သိကြတဲ့ Mingrui နဲ့ ရင်ဆိုင်ရပါတယ်။ Mingrui ဆိုတာကလည်း တရုတ်နိုင်ငံဘက်က ထူးချွန်တဲ့ နာမည်ရ စစ်သူကြီး တစ်ယောက် ဖြစ်ပါတယ်။ ဝီကီပီဒီယား အလိုအရတော့ သူ့ရဲ့ နာမည်ကို တရုတ်လို 明瑞 လို့ စာလုံးပေါင်းပြီး ဧကရာဇ် Qianlong ရဲ့ သားမက်လည်း ဖြစ်ပါတယ်။
တရုတ် တပ်တွေဟာ မြန်မာပြည်ထဲ ထိုးဖောက်ဝင်ရောက်လာခဲ့တာ အင်းဝမြို့နဲ့ မိုင် ၃၀ လောက် ကပ်တဲ့ နေရာ ဆီ အထိ ရောက်လာခဲ့ပါတယ်။ မဟာသီဟသူရ ဟာ တရုတ်စစ်ကြောင်း ကို တိုက်ရိုက်မတိုက်ပဲ ရိက္ခာလမ်းကြောင်းကို ဖြတ်တိုက်တာမျိုးတွေ လုပ်ခဲ့တဲ့ အတွက် တရုတ်တပ် ပြန်ဆုတ်ရ ပါတယ်။ တရုတ်တပ် ဆုတ်သွားတော့ မဟာသီဟ သူရဟာ မိုးမိတ်စစ်ကြောင်း နဲ့ ပေါင်းပြီး သိန္နီမြို့က တရုတ်တပ်ကြီးကို တိုက်ခိုက် အောင်မြင်ခဲ့ပါတယ်။ သိန္ဒီတိုက်ပွဲကိုတော့ ရာဇဝင်မှာ တရုတ်မြန်မာ တတိယ စစ်ပွဲလို့ မှတ်တမ်း တင်ခဲ့ပြီး ဒီတစ်ကြိမ်မှာ မဟာသီဟသူရ ရဲ့ နာမည်သတင်း ပိုကျော်ကြားခဲ့ပါတယ်။
တရုတ်-မြန်မာ စတုတ္ထစစ်ပွဲ မှာလည်း အရင်က တရုတ်စစ်သည်တော်တွေကို ရင်ဆိုင်ခဲ့တဲ့ အတွေ့အကြုံရှိ ဗိုလ်ချုပ်ကြီး မဟာသီဟသူရ တာဝန်ယူခဲ့ရပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ရေကြောင်းကနေ တဆင့် ဗန်မော်ဆီ ချီတက်ပါတယ်။ ဒါက ရေကြောင်းပါ။ ကုန်ကြောင်းကနေ လက်ဝဲဝင်းမှူးကို မိုးမိတ်စစ်ကြောင်းနဲ့ အပြင်းချီတက်စေပါတယ်။ ထူးခြားချက်က ဗိုလ်ချုပ်ကြီး မဟာသီဟသူရဟာ တရုတ်တပ်တွေနဲ့ တိုက်တဲ့ အခါ ရိက္ခာအရင် ဖြတ်စေတဲ့ နည်းတဲ့ တိုက်ခိုက်ခဲ့တာပါ။ ဒါကြောင့် ဒီတစ်ကြိမ်မှာ စစ်သူကြီး တိမ်ကြားမင်းခေါင်ကို တရုတ်တပ်တွေရဲ့ နောက်ကြောကနေ ရိက္ခာဖြတ်စေပါတယ်။ တရုတ်တို့ ရိက္ခာပြတ်လာတဲ့ အတွက် စစ်ကို ဆက်တိုက်ဖို့ အခက်အခဲ ရှိလာတဲ့ အခါ တရုတ်စစ်သူကြီးက စစ်ပြေငြိမ်းဖို့ ကမ်းလှမ်းလာခဲ့ပါတယ်။
ဒီအခါမှာတော့ ဗိုလ်ချုပ်ကြီး မဟာသူရရဲ့ နှလုံးရည်ကို တွေ့မြင်ရပါတယ်။ စစ်ဖြစ်နေမှာထက်စာရင် ငြိမ်းငြိမ်းချမ်းချမ်း အတူနေတာက ရေရှည်မှာ အကျိုးအများကြီး ရှိတယ်ဆိုတာကို ဗိုလ်ချုပ်ကြီး က တွက်ဆ မိပါတယ်။ ဒါကြောင့် သူ့လက်အောက် ဗိုလ်တွေက လက်မခံပေမယ့် သူက စစ်ပြေငြိမ်းဖို့ ဆောင်ရွက်ခဲ့ပါတယ်။ စစ်ပြေငြိမ်းရေး အတွက် နောင်ဖြစ်လာမယ့် အကျိုးဆက်အားလုံးကို သူတစ်ယောက်တည်းက ခေါင်းခံပြီး ကောင်းတုံစာချုပ် ချုပ်ပြီး တရုတ်နိုင်ငံနဲ့ စစ်ပြေငြိမ်းခဲ့ပါတယ်။ သူ့ အတွေး မှန်ကြောင်းကို နောင်မှာ မြန်မာနဲ့ တရုတ် ချစ်ကြည်ရေး ဆက်လက်တိုးတက်လာပြီး စီးပွားရေးအကျိုးအမြတ်တချို့လည်း ရခဲ့ပါတယ်။
ဒီနေရာမှာ သက်ဦးဆံပိုင်စနစ်နဲ့ ပတ်သက်ပြီး ချို့ယွင်းချက် တစ်ခုကို ပြန်လည်ဖော်ပြပါရစေ။ သူက အဲ့ဒီလို ဆုံးဖြတ်လိုက်တဲ့ အပေါ် ဆင်ဖြူရှင်မင်းကလည်း သူ့အပေါ် စိတ်ဆိုးပါတယ်။ ဒါကို သိတော့ မငြိမ်းမချမ်း ဖြစ်နေတဲ့ မဏိပူရ စစ်ချီ ၊ အဲ့ဒီမှာ အောင်နိုင်လာတော့မှ ပြည်တော်ပြန် အဝင်လှခဲ့ပါတော့တယ်။
ဒီနေရာမှာ သက်ဦးဆံပိုင်စနစ်နဲ့ ပတ်သက်ပြီး ချို့ယွင်းချက် တစ်ခုကို ပြန်လည်ဖော်ပြပါရစေ။ သူက အဲ့ဒီလို ဆုံးဖြတ်လိုက်တဲ့ အပေါ် ဆင်ဖြူရှင်မင်းကလည်း သူ့အပေါ် စိတ်ဆိုးပါတယ်။ ဒါကို သိတော့ မငြိမ်းမချမ်း ဖြစ်နေတဲ့ မဏိပူရ စစ်ချီ ၊ အဲ့ဒီမှာ အောင်နိုင်လာတော့မှ ပြည်တော်ပြန် အဝင်လှခဲ့ပါတော့တယ်။
အဲ့ဒီ ခေတ်အရ မြန်မာနိုင်ငံဟာ လက်နက်နိုင်ငံတော် ဖြစ်ပြီး တိုက်ပွဲတွေလည်း တိုက်ခဲ့ရတဲ့ အတွက် စစ်ပန်းနေတဲ့ အခြေအနေ ရှိပါတယ်။ တရုတ်စစ်တပ် ကလည်း အားကောင်းတာမို့ နောင်တစ်ကြိမ် ဖြစ်ရင် မြန်မာတွေ အတွက် တိုက်ရခက်နိုင်ပါတယ်။ ဒီကြိမ်ထက် တစ်ကြိမ် အင်အားများလာတဲ့ စစ်တပ် အတွက် ခုခံတွန်းလှန်ဖို့ ရာမှာ အများကြီး ခက်ခဲနိုင်ပါတယ်။ ရန်သူအခြေအနေကို ကြိုတင်တွက်ဆပြီး စစ်ရပ်ဆဲရေးကို ဆုံးဖြတ်ခဲ့တဲ့ သူ့ အမျှော်အမြင်က များစွာ အကျိုးရှိပါတယ်။ (အလျင်းသင့်လို့ ပရလောက အကြောင်းလည်း နည်းနည်း ဖောက်သည် ချပါရစေ။:P တရုတ်-မြန်မာ စစ်ပွဲတွေ ဖြစ်ပွားဖူးတဲ့ နေရာတွေမှာ တရုတ် သံချပ် ဝတ်စုံတွေ၊ မြန်မာတပ် ဝတ်စုံတွေ ကို လယ်ထွန်တာတို့၊ တူးတာ ဆွတာ တို့မှာ ရလေ့ ရှိပါတယ်။ ပြီးတော့ တချို့ ညတွေမှာ အားနဲ့ မာန်နဲ့ တိုက်နေကြတဲ့ နှစ်ဖက်စစ်သည်တွေကို မြင်ရတာ ရှိတယ်လို့ ဒေသခံ တစ်ဦးက ရေးသားထားတဲ့ စာဖတ်ဖူးပါတယ်။ ဒီအကြောင်း သိသူလည်း သိကြမှာပါ။ အခုတော့ ဒီအကြောင်း မကြားရတာ ကြာပါပြီ)
ဗိုလ်ချုပ်ကြီး မဟာသီဟသူရ အတွက် အရေးမလှတဲ့ တိုက်ပွဲတွေလည်း ရှိပါတယ်။ ဒါကတော့ ဘန်ကောက်မှာ ထိုင်းဘုရင်ဟောင်းက နန်းသစ်ထပ်တည်လို့ တိုက်ရတဲ့ စစ်ပွဲပါ။ အကြောင်းကတော့ စစ်သားတွေ အမိန့်မနာခံပဲ ညွှန်ကြားချက်မဲ့ လုပ်တာ၊ ချီတက်ရမယ့်နေရာဆီ အချိန်မီ မရောက်တာတွေကြောင့် ဖြစ်ပါတယ်။ စဥ့်ကူးမင်း လက်ထက်မှာတော့ သူ့ကို ပြန်ရှင်းပြလို့ ဆိုပြီး စိတ်ဆိုးလို့ ရာထူးကနေ နားရပါတယ်။ ဖောင်းကားစား မောင်မောင် လက်ထက်မှာတော့ အရင်ရာထူးပြန်ရပါတယ်။ နောင် ဘိုးတော်ဘုရားက နန်းပြန်သိမ်းတော့လည်း သူ အရင်ရာထူးပြန်ရပါတယ်။ ပြီးတော့ ဘရင်က သူ့ကို လုပ်ကြံဖို့ ကြံတယ် ဆိုတဲ့ အငြင်းပွားဖွယ်ရာတွေနဲ့ ကွပ်မျက်ခြင်း ခံခဲ့ရပါတော့တယ်။ ကွပ်မျက်ခံရချိန်မှာ ဗိုလ်ချုပ်ကြီးဟာ အသက် ၆၂ နှစ် ရှိနေပြီ ဖြစ်ပါတယ်။ သူဟာ မင်းဆက် ခြောက်ဆက်တိုင်တိုင် အမှုထမ်းခဲ့တဲ့ စစ်သားကြီး ဖြစ်ပြီး အလောင်းမင်းတရားကြီးရဲ့ နောက်ဆုံး လက်ကျန် မြင်ရည်တက် ခြောက်ကျိပ်ရှစ်ယောက် ထဲမှာ ရှားရှားပါးပါး ကျန်ရစ်သူ တစ်ဦး အဖြစ်လည်း စာရင်းဝင်ပါတယ်။