ကုန်းဘောင်ခေတ် စစ်ဗိုလ်ချုပ်ကြီး မဟာသီဟသူရ


ကုန်းဘောင်ခေတ်မှာ တိုက်တိုင်းအောင် စစ်ဗိုလ်ချုပ်ကြီး အဖြစ် နာမည်ကြီးတာကတော့ ဝန်ကြီး မဟာသီဟ သူရ ဖြစ်ပါတယ်။ သူဟာ တရုတ်-မြန်မာ စစ်ပွဲတွေနဲ့ အဲ့ဒီတုန်းက မြန်မာပိုင်ဖြစ်တဲ့ ထိုင်းနိုင်ငံ အတွင်းက နယ်မြေတွေ မငြိမ်သက်ရာမှာလည်း တိုက်ပွဲတွေ ဆင်ပြီး အောင်ပွဲ ရရှိခဲ့တဲ့ ဗိုလ်ချုပ်ကြီး တစ်ယောက် ဖြစ်ပါတယ်။
မဟာသီဟသူရ ဟာ ရွှေဘိုဇာတိ ဖြစ်ပြီး ငယ်နာမည်က မောင်သာ ဖြစ်ပါတယ်။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျက မုဆိုးဘိုရွာကို အခိုင်အမာ လုပ်တော့ အထူးကွန်မန်ဒို စစ်သားလို့ ပြောရမယ့် မြင်းရည်တက် ခြောက်ကျိပ်ရှစ်ယောက် ဖွဲ့တဲ့ အထဲမှာ မောင်သာ လည်းပါဝင်ခဲ့ပါတယ်။ အလောင်းမင်းတရား နန်းတက်တဲ့ အခါမှာတော့ စစ်သူကြီး ရာထူးကို တိုးမြှင့်တာဝန်ထမ်းဆောင်ခွင့် ရပါတယ်။ ဒါကလည်း တတိယ မြန်မာနိုင်ငံတော် စုစည်းတည်ထောင်စ ကာလ တိုက်ပွဲတွေမှာ ထူးထူးချွန်ချွန် တာဝန်ထမ်းဆောင်ခဲ့တာကြောင့် ဖြစ်ပါတယ်။
တရုတ်- မြန်မာ ဒုတိယ စစ်ပွဲမှာ မြန်မာတို့က မင်းခုံရဲ လို့ သိကြတဲ့ Mingrui နဲ့ ရင်ဆိုင်ရပါတယ်။ Mingrui ဆိုတာကလည်း တရုတ်နိုင်ငံဘက်က ထူးချွန်တဲ့ နာမည်ရ စစ်သူကြီး တစ်ယောက် ဖြစ်ပါတယ်။ ဝီကီပီဒီယား အလိုအရတော့ သူ့ရဲ့ နာမည်ကို တရုတ်လို 明瑞 လို့ စာလုံးပေါင်းပြီး ဧကရာဇ် Qianlong ရဲ့ သားမက်လည်း ဖြစ်ပါတယ်။
တရုတ် တပ်တွေဟာ မြန်မာပြည်ထဲ ထိုးဖောက်ဝင်ရောက်လာခဲ့တာ အင်းဝမြို့နဲ့ မိုင် ၃၀ လောက် ကပ်တဲ့ နေရာ ဆီ အထိ ရောက်လာခဲ့ပါတယ်။ မဟာသီဟသူရ ဟာ တရုတ်စစ်ကြောင်း ကို တိုက်ရိုက်မတိုက်ပဲ ရိက္ခာလမ်းကြောင်းကို ဖြတ်တိုက်တာမျိုးတွေ လုပ်ခဲ့တဲ့ အတွက် တရုတ်တပ် ပြန်ဆုတ်ရ ပါတယ်။ တရုတ်တပ် ဆုတ်သွားတော့ မဟာသီဟ သူရဟာ မိုးမိတ်စစ်ကြောင်း နဲ့ ပေါင်းပြီး သိန္နီမြို့က တရုတ်တပ်ကြီးကို တိုက်ခိုက် အောင်မြင်ခဲ့ပါတယ်။ သိန္ဒီတိုက်ပွဲကိုတော့ ရာဇဝင်မှာ တရုတ်မြန်မာ တတိယ စစ်ပွဲလို့ မှတ်တမ်း တင်ခဲ့ပြီး ဒီတစ်ကြိမ်မှာ မဟာသီဟသူရ ရဲ့ နာမည်သတင်း ပိုကျော်ကြားခဲ့ပါတယ်။
တရုတ်-မြန်မာ စတုတ္ထစစ်ပွဲ မှာလည်း အရင်က တရုတ်စစ်သည်တော်တွေကို ရင်ဆိုင်ခဲ့တဲ့ အတွေ့အကြုံရှိ ဗိုလ်ချုပ်ကြီး မဟာသီဟသူရ တာဝန်ယူခဲ့ရပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ရေကြောင်းကနေ တဆင့် ဗန်မော်ဆီ ချီတက်ပါတယ်။ ဒါက ရေကြောင်းပါ။ ကုန်ကြောင်းကနေ လက်ဝဲဝင်းမှူးကို မိုးမိတ်စစ်ကြောင်းနဲ့ အပြင်းချီတက်စေပါတယ်။ ထူးခြားချက်က ဗိုလ်ချုပ်ကြီး မဟာသီဟသူရဟာ တရုတ်တပ်တွေနဲ့ တိုက်တဲ့ အခါ ရိက္ခာအရင် ဖြတ်စေတဲ့ နည်းတဲ့ တိုက်ခိုက်ခဲ့တာပါ။ ဒါကြောင့် ဒီတစ်ကြိမ်မှာ စစ်သူကြီး တိမ်ကြားမင်းခေါင်ကို တရုတ်တပ်တွေရဲ့ နောက်ကြောကနေ ရိက္ခာဖြတ်စေပါတယ်။ တရုတ်တို့ ရိက္ခာပြတ်လာတဲ့ အတွက် စစ်ကို ဆက်တိုက်ဖို့ အခက်အခဲ ရှိလာတဲ့ အခါ တရုတ်စစ်သူကြီးက စစ်ပြေငြိမ်းဖို့ ကမ်းလှမ်းလာခဲ့ပါတယ်။
ဒီအခါမှာတော့ ဗိုလ်ချုပ်ကြီး မဟာသူရရဲ့ နှလုံးရည်ကို တွေ့မြင်ရပါတယ်။ စစ်ဖြစ်နေမှာထက်စာရင် ငြိမ်းငြိမ်းချမ်းချမ်း အတူနေတာက ရေရှည်မှာ အကျိုးအများကြီး ရှိတယ်ဆိုတာကို ဗိုလ်ချုပ်ကြီး က တွက်ဆ မိပါတယ်။ ဒါကြောင့် သူ့လက်အောက် ဗိုလ်တွေက လက်မခံပေမယ့် သူက စစ်ပြေငြိမ်းဖို့ ဆောင်ရွက်ခဲ့ပါတယ်။ စစ်ပြေငြိမ်းရေး အတွက် နောင်ဖြစ်လာမယ့် အကျိုးဆက်အားလုံးကို သူတစ်ယောက်တည်းက ခေါင်းခံပြီး ကောင်းတုံစာချုပ် ချုပ်ပြီး တရုတ်နိုင်ငံနဲ့ စစ်ပြေငြိမ်းခဲ့ပါတယ်။ သူ့ အတွေး မှန်ကြောင်းကို နောင်မှာ မြန်မာနဲ့ တရုတ် ချစ်ကြည်ရေး ဆက်လက်တိုးတက်လာပြီး စီးပွား​ရေးအကျိုးအမြတ်​တချို့လည်း ရခဲ့ပါတယ်​။
ဒီနေရာမှာ သက်ဦးဆံပိုင်စနစ်နဲ့ ပတ်သက်ပြီး ချို့ယွင်းချက် တစ်ခုကို ပြန်လည်ဖော်ပြပါရစေ။ သူက အဲ့ဒီလို ဆုံးဖြတ်လိုက်တဲ့ အပေါ် ဆင်ဖြူရှင်မင်းကလည်း သူ့အပေါ် စိတ်ဆိုးပါတယ်။ ဒါကို သိတော့ မငြိမ်းမချမ်း ဖြစ်နေတဲ့ မဏိပူရ စစ်ချီ ၊ အဲ့ဒီမှာ အောင်နိုင်လာတော့မှ ပြည်တော်ပြန် အဝင်လှခဲ့ပါတော့တယ်။
အဲ့ဒီ ခေတ်အရ မြန်မာနိုင်ငံဟာ လက်နက်နိုင်ငံတော် ဖြစ်ပြီး တိုက်ပွဲတွေလည်း တိုက်ခဲ့ရတဲ့ အတွက် စစ်ပန်းနေတဲ့ အခြေအနေ ရှိပါတယ်။ တရုတ်စစ်တပ် ကလည်း အားကောင်းတာမို့ နောင်တစ်ကြိမ် ဖြစ်ရင် မြန်မာတွေ အတွက် တိုက်ရခက်နိုင်ပါတယ်။ ဒီကြိမ်ထက် တစ်ကြိမ် အင်အားများလာတဲ့ စစ်တပ် အတွက် ခုခံတွန်းလှန်ဖို့ ရာမှာ အများကြီး ခက်ခဲနိုင်ပါတယ်။ ရန်သူအခြေအနေကို ကြိုတင်တွက်ဆပြီး စစ်ရပ်ဆဲရေးကို ဆုံးဖြတ်ခဲ့တဲ့ သူ့ အမျှော်အမြင်က များစွာ အကျိုးရှိပါတယ်။ (အလျင်းသင့်လို့ ပရလောက အကြောင်းလည်း နည်းနည်း ဖောက်သည် ချပါရစေ။:P တရုတ်-မြန်မာ စစ်ပွဲတွေ ဖြစ်ပွားဖူးတဲ့ နေရာတွေမှာ တရုတ် သံချပ် ဝတ်စုံတွေ၊ မြန်မာတပ် ဝတ်စုံတွေ ကို လယ်ထွန်တာတို့၊ တူးတာ ဆွတာ တို့မှာ ရလေ့ ရှိပါတယ်။ ပြီးတော့ တချို့ ညတွေမှာ အားနဲ့ မာန်နဲ့ တိုက်နေကြတဲ့ နှစ်ဖက်စစ်သည်တွေကို မြင်ရတာ ရှိတယ်လို့ ဒေသခံ တစ်ဦးက ရေးသားထားတဲ့ စာဖတ်ဖူးပါတယ်။ ဒီအကြောင်း သိသူလည်း သိကြမှာပါ။ အခုတော့ ဒီအကြောင်း မကြားရတာ ကြာပါပြီ)
ဗိုလ်ချုပ်ကြီး မဟာသီဟသူရ အတွက် အရေးမလှတဲ့ တိုက်ပွဲတွေလည်း ရှိပါတယ်။ ဒါကတော့ ဘန်ကောက်မှာ ထိုင်းဘုရင်ဟောင်းက နန်းသစ်ထပ်တည်လို့ တိုက်ရတဲ့ စစ်ပွဲပါ။ အကြောင်းကတော့ စစ်သားတွေ အမိန့်မနာခံပဲ ညွှန်ကြားချက်မဲ့ လုပ်တာ၊ ချီတက်ရမယ့်နေရာဆီ အချိန်မီ မရောက်တာတွေကြောင့် ဖြစ်ပါတယ်။ စဥ့်ကူးမင်း လက်ထက်မှာတော့ သူ့ကို ပြန်ရှင်းပြလို့ ဆိုပြီး စိတ်ဆိုးလို့ ရာထူးကနေ နားရပါတယ်။ ဖောင်းကားစား မောင်မောင် လက်ထက်မှာတော့ အရင်ရာထူးပြန်ရပါတယ်။ နောင် ဘိုးတော်ဘုရားက နန်းပြန်သိမ်းတော့လည်း သူ အရင်ရာထူးပြန်ရပါတယ်။ ပြီးတော့ ဘရင်​က သူ့ကို လုပ်ကြံဖို့ ကြံတယ် ဆိုတဲ့ အငြင်းပွားဖွယ်ရာတွေနဲ့ ကွပ်မျက်ခြင်း ခံခဲ့ရပါတော့တယ်။ ကွပ်မျက်ခံရချိန်မှာ ဗိုလ်ချုပ်ကြီးဟာ အသက် ၆၂ နှစ် ရှိနေပြီ ဖြစ်ပါတယ်။ သူဟာ မင်းဆက် ခြောက်ဆက်တိုင်တိုင် အမှုထမ်းခဲ့တဲ့ စစ်သားကြီး ဖြစ်ပြီး အလောင်းမင်းတရားကြီးရဲ့ နောက်ဆုံး လက်ကျန် မြင်ရည်တက် ခြောက်ကျိပ်ရှစ်ယောက် ထဲမှာ ရှားရှားပါးပါး ကျန်ရစ်သူ တစ်ဦး အဖြစ်လည်း စာရင်းဝင်ပါတယ်။

အရင်က တင်ပေးခဲ့ဖူးတဲ့ မြန်မာမော်ဒယ်ပုံတွေကို ပြန်လည်စုစည်ထားပါတယ်။































အဖြေရှာမရတဲ့ ကမ္ဘာကျော်သေဆုံးမှု တစ်ခုအကြောင်း (သတိ ကြောက်တတ်သူများ မဖတ်ပါရန်)

၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ ၁၉ရက်နေ့မှာ Elisa Lam ဆိုတဲ့ကောင်မလေးရဲ့ အသက်မရှိတော့တဲ့ အ၀တ်မဲ့ခန္ဓာကိုယ်ကို ဟိုတယ်ရဲ့ အပေါ်ဆုံးထပ် ရေစည်ထဲက ရှာတွေ့ခဲ့ပါတယ်။ Elisa Lam ဟာ ကနေဒါနိုင်ငံ Vancouver မြို့မှာနေထိုင်ပြီး British Columbia တက္ကသိုလ်က ကျောင်းသူတစ်ယောက်ဖြစ်ပြီး မသေဆုံးခင်က လော့အင်ဂျလိမြို့လယ်က Cecil ဟိုတယ်မှာ တည်းခဲ့တာပဲဖြစ်ပါတယ်။ သူမဟာ ဇန်န၀ါရီလကုန်လောက်တည်းက ပျောက်ဆုံးသွားခဲ့တာပါ။

ဘာကြောင့်ပျောက်ဆုံးသွားတယ်ဆိုတာကို အားလုံးမသိခဲ့ကြပါဘူး။ သူမရဲ့ မိဘတွေဟာ ရဲတွေကို အကူအညီတောင်းကာ ရှာခိုင်းခဲ့ပေမယ့် ရှာမတွေ့ခဲ့ပါဘူး။ နောက်ပိုင်းမှာ ဟိုတယ်မှာနေတဲ့သူတချို့က ရေအနံ့ နဲ့ အရသာတစ်မျိုးဖြစ်နေတယ်လို့ ကွန်ပလိန်းတက်ကြတဲ့အတွက် ဟိုတယ်ဝန်ထမ်းတွေ ဟာ ရေစည်ကို စစ်ဆေးကြည့်တဲ့အခါမှာမှ သူမရဲ့အလောင်းကို ရေစည်ထဲက တွေ့တာပဲဖြစ်ပါတယ်။ ထူးထူးခြားခြားလက္ခဏာတွေ ၊ ဆေးဝါး အရက်သုံးစွဲမှု လုံးဝ မရှိလို့ ရဲဌာနက စစ်ဆေးအပြီးမှာတော့ Elisa Lam သေဆုံးမှုကို ရေစည်ထဲပြုတ်ကျကာ ရေနစ်သေဆုံးမှုလို့ပဲ ခေါင်းစဉ်တပ်လိုက်ပါတယ်။
သာမန်ကြည့်လိုက်ရင် ဘာမှမထူးဆန်းဘူးလို့ ဆိုရပေမယ့် သူမ မသေဆုံးမီ ဓာတ်လှေကားမှာရှိခဲ့တုန်းကရိုက်ခဲ့တဲ့ CCTV ဗီဒီယိုဖိုင်ထွက်လာတဲ့အခါမှာတော့ သူမရဲ့သေဆုံးမှုဟာ ထူးဆန်းမှုတွေနဲ့ ပြည့်နေတယ်လို့အားလုံး သိလိုက်ကြပါတယ်။

ဗီဒီယိုထဲမှာ သူမဟာ ဓာတ်လှေကားထဲကို ပုံမှန်အတိုင်းပဲ ၀င်လိုက်ပြီး ခလုပ်နှိပ်လိုက်ပါတယ်။(သူမရောက်နေတဲ့ အထပ်ဟာ အပေါ်ဆုံးထပ် ဖြစ်မယ်ထင်ပါတယ်)။ ဒါပေမယ့် ဓာတ်လှေကားက ပိတ်မသွားပါဘူး။ တစ်စုံတစ်ယောက် ရှိတယ်လို့ ထင်တာကြောင့် သူမချောင်းကြည့်ပါတယ်။ ဘယ်သူမှ ၀င်လာတာ မတွေ့တဲ့အခါ သူမဟာကြောက်လန့်ပြီး နံရံမှာ ကပ်ပုန်းနေတာကို တွေ့ရပါတယ်။ ဓာတ်လှေကားက မပိတ်ပါဘူး ဒီအတိုင်းအလုပ်မလုပ်ပဲ နေတုန်းပါ။ သူမ အပြင်ကို ထွက်ကြည့်ပြီး CCTV မြင်ကွင်းထဲက ပျောက်သွားပါတယ်။ ဒါပေမယ့် ပြန်ပေါ်လာတဲ့အခါမှာတော့ သူမရဲ့ အမူအရာဟာ ထူးခြားနေပါပြီ။ ပုံမှန်လူတစ်ယောက်မဟုတ်တော့သလို ခြေတွေလက်တွေဟာကောက်ကွေးနေပြီး တစ်စုံတစ်ယောက်နဲ့ စကားပြောနေဟန် အမူအရာတွေပြောင်းလဲကုန်ပါတယ်။ အဲဒီနောက်တော့ သူမ CCTV ကင်မရာကနေ လုံးဝပျောက်သွားပါတယ်။ ထူးခြားတာကတော့ သူမပျောက်သွားတဲ့အချိန်မှာမှ ဓာတ်လှေကားဟာ ပုံမှန်အလုပ်လုပ်တာပဲဖြစ်ပါတယ်။

ကြည့်ရှုသူ သန်းပေါင်းများစွာကတော့ သူမရဲ့ သေဆုံးမှု အပေါ်အမျိုးမျိုးခန့်မှန်းခဲ့ကြပါတယ်။ ရဲဌာနဟာ ဒီအမှုကို လပေါင်းများစွာ စစ်ဆေးခဲ့ပါတယ်။ သူမဟာသေဆုံးစဉ်က အရက်ဆေးဝါးသုံးစွဲထားခြင်း မရှိသလို ၊ စိတ်ပိုင်းဆိုင်ရာ ပြစ်ချက်တွေလဲ မရှိ ၊ တစ်စုံတစ်ယောက်အကြမ်းဖက်ထားမှုလည်းမရှိတာကြောင့် ပြုတ်ကျပြီးရေနစ်သေဆုံးတယ်လို့ပဲ ဆုံးဖြတ်လိုက်ကြပါတယ်။ Elisa Lam ဟာ သူမမသေဆုံးခင်က မိန်းမတစ်ယောက်သူမနောက်ကို လိုက်နေသလိုခံစားရကြောင်း ၊ စကားပြောသံရယ်သံတွေကိုလည်း သူမနားထဲမှာ မကြာခဏကြားနေရကြောင်း သူငယ်ချင်းများထံ မတ်ဆေ့များပို့ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထူးခြားချက်တစ်ခုကတော့ အပေါ်ဆုံးထပ်ရဲ့ ရေစည်တံခါး နေရာကို သာမန်လူတွေသွားခွင့်မရှိပါဘူး။ သော့ခတ်ထားပြီး လျို့ဝှက်ကုဒ်များခံထားတဲ့အတွက် ၀န်ထမ်းတစ်ချို့ပဲသွားလို့ရတာပါ။ သူမဟာ အပေါ်ကို ဘယ်လိုတက်ခဲ့ပါသလဲ။ အပေါ်ဆုံးထပ်ကို တစ်စုံတစ်ယောက်တက်တာနဲ့ သိစေမယ့် Alarm တွေကိုတပ်ထားပါတယ်။ ဒါပေမယ့် သူမတက်စဉ်မှာ Alarm သံကိုမကြားရတာဘာကြောင့်ပါလဲ။ ရေစည်ရဲ့အမြင့်ဟာ ၁၀ပေမြင့်ပါတယ်။ လှေကားကိုလည်း ၀န်ထမ်းက ဖွက်ထားတာကြောင့် လှေကားမရှိပါဘူး။ ၁၀ ပေ အမြင့်ရှိတဲ့ ရေစည်ပေါ်ကို ဘယ်လိုတက်ခဲ့ပါသလဲ။ သာမန်လူတစ်ယောက်ဖွင့်ဖို့ မလွယ်တဲ့ ရေစည်အဖုံးကို ဘယ်လိုဖွင့်ခဲ့ပါသလဲ။ ရေထဲကိုကျတဲ့အခါ သူမရဲ့အလေးချိန်ကြောင့် ရေစည်က အချက်ပေး Alarm က မြည်ရမှာဖြစ်ပေမယ့် ဘာကြောင့်မမြည်ရပါသလဲ။ စတဲ့စတဲ့ အဖြေရှာမရတဲ့ မေးခွန်းတွေနဲ့ပြည့်နေပါတော့တယ်။

သူမရဲ့ သေဆုံးမှုဟာ သူမမသေခင်က ထွက်ရှိထားတဲ့ ဓာတ်လှေကားထဲက သရဲက မိန်းကလေးတစ်ယောက်ကိုရေနှစ်သတ်တဲ့ သရဲကားတစ်ခုနဲ့ ချွတ်စွတ်တူနေတာကလည်း အံသြစရာပါ။ သူမသေဆုံးခဲ့ရာ Cecil ဟိုတယ်ကလည်း ထူးထူးဆန်းဆန်းသေဆုံးမှု တချို့ဖြစ်ခဲ့တဲ့ သမိုင်းဝင်ဟိုတယ်ပဲဖြစ်ပါတယ်။ ထူးဆန်းတာကတော့ ပထမသေဆုံးခဲ့တဲ့ အထဲကတစ်ယောက်ရဲ့ နာမည်ဟာ LAM-ELISA ဖြစ်ပါသတဲ့။ သူမရဲ့သေဆုံးမှုအပေါ် တစ်စုံတစ်ယောက်က သတ်ဖြတ်တာ ၊ စိတ်မူမမှန်တာ ၊ elevator game ကစားတာကြောင့်ဖြစ်တာ စတဲ့ ခန့်မှန်းမှုမျိုးစုံဖြစ်ခဲ့ပေမယ့် ရဲဌာနကတော့ မတော်တဆရေနစ်သေဆုံးမှုလို့သာ သတ်မှတ်ခဲ့ပြီး အဖြေရှာမရတဲ့ ကမ္ဘာကျော်သေဆုံးမှု တစ်ခုဖြစ်ခဲ့ပါတော့တယ်။

အောက်က ဗီဒီယိုကတော့ သူမမသေခင် နောက်ဆုံးအချိန် ဓာတ်လှေကား CCTV က ရိုက်ကူးခဲ့တဲ့တာဖြစ်ပါတယ်။ ကြောက်တတ်တဲ့သူများ မကြည့်ပါရန် သတိပေးပါတယ်။



Agartha(အာဂါသာ)

Source-သူရိန်မင်းဦး
ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီးရဲ့ အတွင်းပိုင်းထဲမှာ နေလုံးသေးသေးလေးရှိတယ်တဲ့။ မအံ့ဩသွားနဲ့ဦး ... ။ လူတွေလည်းရှိသေးတယ်တဲ့ဗျ။ ဒီကမ္ဘာကြီးရဲ့အတွင်းပိုင်းထဲမှာ နောက်ထပ်ကမ္ဘာငယ်တစ်ခုရှိနေတာတဲ့။ ဒါနဲ့ကျွန်တော်စဉ်းစားတယ် ငရဲပြည်က ဘယ်ရောက်သွားလဲလို့။ ကျွန်တော်တို့ကမ္ဘာကြီးက ကြက်ဥတစ်လုံးနဲ့တူပါတယ်တဲ့။ ကျွန်တော်တို့တွေဟာ ကြက်ဥခွံပေါ်မှာနေထိုင်ကြပြီး ကြက်ဥခွံရဲ့အတွင်းပိုင်းနံရံမှာလည်း လူတွေနေထိုင်ကြတယ်လို့ တချို့သိပ္ပံပညာရှင်တွေကဆိုတယ်။ ကြက်ဥအကာတွေက သူတို့ရဲ့လေထုဖြစ်ပြီး ကြက်ဥအနှစ်ကတော့ သူတို့ရဲ့ နေလုံးပါတဲ့။ ညမရှိဘဲ နေ့ချည်းသာရှိတယ်လို့ဆိုပါတယ်။ အဲ့ဒီကမ္ဘာ့အတွင်းပိုင်းက ကမ္ဘာငယ်လေးကို အာဂါသာ (Agartha) လို့ခေါ်တယ်။ အာဂါသာတကယ်ရှိတယ်လို့ယုံကြည်ကြသူတွေဟာ ဟိန္ဒူဒဏ္ဍာရီထဲက ရှန်ဂရီလာ (Shangrila) ခေါ် ရှမ်ဗဲလား (Shangbella) ဆိုတဲ့ ထူးဆန်းတိုင်းပြည်နဲ့ အာဂါသာဟာ တစ်ခုတည်းလို့ဆိုကြပြန်ပါတယ်။ အာဂါသာကို စတင်တွေ့ရှိခဲ့တဲ့သူက အမေရိကန်လေတပ်က လေယာဉ်မှူး အဒ္ဒမိုင်ရယ် ရစ်ချက် အီး ဘာ့ဒ် (Admiral Richard E. Byrd) ပါ။ သူဟာ ၁၉၄၇ခုနှစ်မှာ မြောက်ဝင်ရိုးစွန်းအတိုင်း သူ့လေယာဉ်ငိုမောင်းနှင်ခဲ့ပါတယ်။ မြောက်ဝင်ရိုးစွန်းရဲ့တစ်နေရာအရောက်မှာ ကြီးမားတဲ့ အပေါက်ကြီးတစ်ခုအတွင်းမှာ စိမ်းလန်းတဲ့ သစ်တောကြီးကို တွေ့ရှိခဲ့ပါတယ်။ သူဟာ အဲဒီအပေါက်ကြီးထဲကို လေယာဉ်မောင်းဝင်သွားခဲ့ပြီး သစ်ပင်မျိုးစိတ်အစုံးအလင်နဲ့ ရှေးကျလွန်းတဲ့ တိရိစ္ဆာန်ကြီးတွေကို တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ အမေရိကန်လေတပ်ကိုပြန်ရောက်လာခဲ့ပြီး သူကြုံတွေ့ခဲ့ရတာတွေကို ပြန်ဟြေပြတဲ့အချိန်မှာ ဘယ်သူကမှမယုံကြည်ဘဲ ရူးသွားတယ်လို့သာထင်မြင်ကြပါတယ်။ သူ့ကိုဆေးရုံတင်ပြီး ဒီလိုအကြောင်းအရာတွေထပ်မဟြေဖို့ အမိန့်ပေးခဲ့ပြီးတဲ့နောက်ပိုင်းမှာ အဒ္ဒမိုင်ရယ်ဟာ အာဂါသာအကြောင်းကို သူ့ရဲ့ လျှို့ဝှက်ဒိုင်ယာရီစာအုပ်ထဲမှာပဲရေးသားခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒီဒိုင်ယာရီစာအုပ်ဟာ အပြင်ကိုပေါက်ကြားသွားခဲ့ပါတယ်။ သူ့လိုပဲ အာဂါသာကိုရောက်ရှိသွားတဲ့နောက်တစ်ဦး(အမည်မှတ်မိ) ရှိပါသေးတယ်။ သူကတော့ အာဂါသာထဲရောက်သွားတဲ့အချိန် အာဂါသာတိုင်းပြည်က ဘုရင်နဲ့မိဘုရားကိုယ်တိုင် လာရောက်ကြိုဆိုခဲ့ပါတယ်တဲ့။ အာဂါသာလူမျိုးတွေဟာ ဧည့်ဝတ်ကျေပြီး ဖော်ရွေပြူငှါကြပါတယ်။ သူ့ကို ကမ္ဘာ့အပေါ်ပြန်ရောက်စေမယ့် ထွက်ပေါက်အထိ ပြန်လိုက်ပို့ပေးခဲ့ကြပါသေးတယ်။ သူတို့နှစ်ယောက်လိုပဲ အာဂါသာကိုရောက်ဖူးကြတဲ့သူတွေ အများကြီးရှိပါတယ်။ အဆန်းပြားဆုံး အယူအဆကတော့ နာဇီခေါင်းဆောင် ဟစ်တလာဟာ အာဂါသာမှာ အခြေချပြီး သူ့ဘဝကို ဇာတ်မြှုတ်နေထိုင်ခဲ့တယ်ဆိုတာပါပဲ။ ဟစ်တလာ ကမ္ဘာပေါ်ကနေပျောက်ချင်းမလှပျောက်သွားချင်းဟာ အာဂါသာကိုရောက်ရှိသွားခြင်းဖြစ်တယ်လို့ ယုံကြည်နေကြသူတွေအများကြီးပါ။ နောက်ထပ်ဖြစ်ရပ်တစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့ ကမ္ဘာပေါ်ရောက်ရှိလာသမျှ ပန်းကန်ပြားပျံ တွေဟာ အာဂါသာ ကနေရောက်ရှိလာတာပါတဲ့။ နာဆာ ဂြိုဟ်တုစခန်းဟာ ကမ္ဘာပေါ်မှာအကြီးဆုံး အာကာသ သိပ္ပံစခန်းပါ။ ကမ္ဘာထဲကို ပန်းကန်ပြားပျံ တွေဝင်လာတာနဲ့ပတ်သတ်ပြီး သူတို့ဝင်ရောက်ခဲ့တဲ့ လမ်းကြောင်းကို နာဆာရဲ့ ရေဒါမှာ တစ်ခါမှ မမြင်ရပါဘူး။ ကမ္ဘာ့ကောင်းကင်ယံမှာ ပန်းကန်ပြားပျံ ပျံသန်းနေတာတွေ့ရတဲ့အချိန်ကျမှ ရောက်နေကြောင်းသိရပါတယ်။ အာဂါသာ ယုံကြည်တွေကတော့ ဒီပန်းကန်ဟြးပျံတွေဟာ အာကာသထဲက ဝင်ရောက်လာတာမဟုတ်ဘဲ ကမ္ဘာ့အတွင်းပိုင်းကနေရောက်ရှိလာတာဖြစ်တယ်လို့ဆိုကြပါတယ်။ ဟစ်တလာ ကမ္ဘာမြေပေါ်ကနေ မပျောက်ဆုံးခင်မှာ အမှန်တကယ်ပျံသန်းနိုင်တဲ့ ပန်းကန်ပြားပျံ ဖန်တီးခဲ့ပါသေးတယ်။ အဲ့ဒီနောက်ပိုင်းမှာ ဟစ်တလာတစ်ယောက် ပျောက်ခြင်းမလှပျောက်သွားခဲ့တော့တယ်(စာအုပ်အချို့မှာ သတ်သေသွားသည်ဆိုသော်ငြား ယခုချိန်ထိ အလောင်းကိုရှာမတွေ့ခဲ့ပါ)။ အာဂါသာကို ဝင်ရောက်နိုင်တဲ့နေရာတွေအများကြီးရှိပါတယ်။ တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းမှာ အာဂါသာကိုဝင်ရောက်နိုင်တဲ့ ကြီးမားတဲ့အပေါက်ကြီးတွေရှိပါတယ်။ နောက်ပြီး အီဂျစ်ပိရမစ်တွေရဲ့အောက်မှာလည်း လူလုပ်လမ်းတွေရှိပါတယ်တဲ့...။ တခြားနေရာတွေ မှာလည်းရှိပါတယ်။ တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းဟာ တားမြစ်နယ်မြေတွေပါ။ ရေဒါ မမိနိုင်တဲ့အရပ်တွေဖြစ်တာကြောင့် ဘယ်သူမှသွားခွင့်မရှိပါဘူး။ အဒ္ဒမိုင်ရယ်ဟာ တားမြစ်နယ်မြေထဲ မျက်စိလည်ရောက်ခဲ့ပြီး အာဂါသာကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ မျိုးသုဉ်းသွားပြီဖြစ်တဲ့ တိရိစ္ဆာန်မျိုးစိတ်တွေ အာဂါသာမှာ ရှိနေဆဲပါပဲ။ အာဂါသာ ယုံကြည်တွေကတော့ တစ်နေ့နေ့ ကျရင် ကမ္ဘာ့အပြင်ပိုင်းပျက်စီးလာခဲ့ရင် အာဂါသာလူမျိုးတွေလာရောက်ကယ်ဆယ်ကြလိမ့်မယ်လို့ လက်ခံထားကြပါတယ်။ အာဂါသာသီအိုရီနဲ့ပတ်သတ်ပြီး ဟိန္ဒူအယူ ၊ ဗုဒ္ဓဘာသာအယူတွေနဲ့ သက်သေပြထားတဲ့အချက်တွေလည်းရှိပါတယ်။
(အင်္ဂလိပ်လိုတွေအများကြီးဖတ်ရမှာ ဆရာကြီးလည်းမဟုတ်တော့ မဖတ်တော့ဘူး😁😁) အာဂါသာနဲ့ ပတ်သတ်ပြီး အသေးစိတ်သိချင်ရင် Google မှာ Argartha the inner of the earth လို့ရိုက်ပြီးရှာနိုင်ပါတယ်။ အာဂါသာနဲ့ပတ်သတ်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတွေရှိပါတယ်။ Nazi : the centre of the earth တို့ Journey to the centre of the earth တိုလိုဇာတ်ကားတွေပါ။ သာမန်လူတန်းတွေတင် မဟုတ်ဘဲ သိပ္ပံပညာရှင် အများစုကပါ အာဂါသာကိုယုံကြည်ပြီး သုတေသနပြုလုပ်မှုတွေရှိနေကြပါတယ်။
အောက်မှာ အာဂါသာနဲ့ပတ်သတ်တဲ့ပုံတွေကိုတင်ပေးထားပါတယ်။
တကယ်ရှိတယ်မရှိဘူးမဟြေဘူး Hollow Earth Theory ကိုချပြတာ Agartha မှမဟုတ်ဘူး တခြားတခြား အကြောင်းအရာတွေတင်နေကြပါ Hollow Earth Theory ကို John နဲ့ Carole Borrowman ဆိုတဲ့နှစ်ယောက် စာအုပ်ထုတ်ခဲ့ပြီး Noval ဆုရခဲ့ပါတယ် ယုံတဲ့သူရှိသလို မယုံတဲ့သူတွေလည်းရှိပါတယ် အဲ့ဒါတင်တာ ကြောင်နေလို့တင်တယ် ထင်ချင်လည်းထင်နိုင်တယ် Knowledge နဲ့ပတ်သတ်ပြီး တွေ့သမျှ အကုန်တင်ပေးနေတာပါ Geo အရစဉ်းစားမယ်ဆိုရင် လုံးဝမဖြစ်နိုင်ဘူးမှန်တယ် သိပ္ပံနည်းပညာမှာ တစ်ဖက်ကစဉ်းစားရင် ဖြစ်နိုင်တာတွေရှိပေမယ့် တစ်ဖက်ကလှည့်တွေးပြန်ရင် အမှားတွေဖြစ်သွားတတ်တယ် Knowledge အတွက်သပ်သပ်တင်တာ အဲ့စာသားတွေ တစ်ခုမှ ကျွန်တော့်ကိုယ်ပိုင် အတွေးအခေါ်မဟုတ်ဘူး Translate လုပ်ပေးတာပဲရှိတယ်
ဒီဟာသွားဖတ်ကြည့် ရာမာယဏ ဇာတ်တော်တွေတောင်ပါလာသေးတယ်.ရူးသွားမယ်
http://www.thenewearth.org/InnerEarth.html
အာဂါသာ အကြောင်း
http://in5d.com/agartha-the-hollow-inner-earth/
ဟစ်တလာနဲ့ပတ်သတ်တဲ့ အာဂါသာ
http://humansarefree.com/…/hollow-earth-forbidden-land-of-a…
အာဂါသာ ကို ရှမ်ဂရီလာလို့ဟြေထားတာက ဒီမှာ
http://www.crystalinks.com/agartha.html
ကဲ အငြင်းပွားချင်သူတွေ အဲ့ဒီ Website တွေကို Email ပို့ပြီး ပွားနိုင်ကြပါပြီ